သတင်းများ

တနင်္သာရီမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့်အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Aug 20,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အမှတ်(၅၅၆) ခြေမြန်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားနေရပ်ပြန် ပြည်သူ(၃၄၉)ဦးအား နွေးထွေးစွာကြိုဆိုလက်ခံ
Aug 20,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၄၉)ဦးကို ယမန်နေ့၊ နေ့လည်(၁)နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌သဘာ၀ဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Aug 20,2021
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့၌ သဘာ၀ဘေး အန္တရာယ်ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့နံနက်ပိုင်းက ဘူးသီးတောင် မြို့အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနရုံးအစည်းအဝေးခန်းမ ၌ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့၌ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအောက်ဆီဂျင်ပြတ်လတ်မှုမရှိ စေရန်အောက်ဆီဂျင်စက်ရုံတည်ဆောက် လျက်ရှိ
Aug 20,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရေး အတွက် အောက်ဆီဂျင်စက်ရုံကို ပေါက်တောမြို့အနောက်ပိုင်းရပ်ကွက် လောကထိပ်ပန်ဘုရားကြီးရင်ပြင်ရှေ့ မြေကွက်တွင်-၂၀၂၁-ခု ဇူလိုင်လ-၂၅ရက်နေ့ မှစတင်၍ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းနှင့် Oxygen Plantဖြစ်မြောက်ရေး ကော်မတီအဖွဲ့ထံမှသိရှိရသည်။
ကျိုက်လတ်မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလူမှုရေးအသင်းသို့ လုပ်ငန်းသုံးပစ္စည်းများပေးအပ်လှူဒါန်း
Aug 20,2021
ကျိုက်လတ်မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်မှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ လူနာများအနီးကပ် ထိတွေ့ဆောင်ရွက်လျက်ရှိသည့် ကျိုက်လတ်မြို့နယ် သုခမေတ္တာလူမှုရေးအသင်းသို့လုပ်ငန်းသုံး ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့နေ့လည်၁၁နာရီက သုခမေတ္တာလူမှုရေးအသင်း ရုံး၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် အာဟာရ စားနပ်ရိက္ခာများထောက်ပံ့ပေးအပ်
Aug 20,2021
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) (ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ကုလားပဲ၊ မြေပဲ) ထောက်ပံ့ပေးအပ်ခြင်းကို ဩဂုတ်(၁၈) ရက်နေ့နံနက် ၁၁ နာရီ အချိန်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(နမ့်ဆန်) ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၉၀၀)ကျော်ရှိပြီး သေဆုံးသူ (၆၉) ဦးအထိရှိလာ
Aug 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ (တတိယလှိုင်း)တွင် ယမန်နေ့အထိ ပိုးတွေ့အတည်ပြုလူနာပေါင်း (၉၀၀)ကျော် တွေ့ရှိထားပြီး သေဆုံးသူ (၆၉) ဦးအထိ ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ထံမှ သိရသည်။
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးရာတွင် အသုံးပြုရန် PPE ဝတ်စုံနှင့် RDT Test Kit များလှူဒါန်း
Aug 20,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် (၁ဝ) နာရီခွဲအချိန်ခန့်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူး ချုပ်လှမိုးမှ ထောက်ပံ့ပေးအပ်လာသော ကိုဗစ်-၁၉ ရောဂါသံသယလူနာများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးရာတွင် အသုံးပြုရန် လိုအပ်သည့် PPE ဝတ်စုံ (၁ဝ) စုံ၊ RDT Test Kit (၅ဝ) ခု တို့အား မိုင်းပန်တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းအောင်မှ ပေးအပ်ခဲ့ရာ မိုင်းပန် ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်စိုးစိုးမြတ်မှလက်ခံရယူခဲ့ ကြောင်း သိရသည်။