တနင်္သာရီ ဩဂုတ် ၂၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အမှတ်(၅၅၆) ခြေမြန်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသား စိစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀-နှစ်ပြည့် /၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ နိုင်ငံသားကတ် ပျောက်ဆုံး/ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) ကျား(၃)ဦး၊ မ(၄)ဦး၊ ပေါင်း(၇)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆(က) အမျိုးသားတစ်ဦး၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ကတ် အမျိုးသမီး(၂)ဦး၊ နိုင်ငံသားစီစစ်ရေးကတ် ပျောက်ဆုံးထုတ်ပေးခြင်း ကျား(၈)ဦး ၊မ(၁)ဦး၊ ပေါင်း(၉)ဦး စုစုပေါင်း ကျား(၁၂)ဦး၊ မ(၇)ဦး၊ ပေါင်း(၁၉)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၂)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း