ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် အောက်ဆီဂျင်အိုးနှင့်အခြားကျန်းမာရေး အ‌ထောက်အကူ ပစ္စည်းများထပ်မံဝင်ရောက်

ချင်းရွှေဟော်    ဩဂုတ် 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က  40L Oxygen အိုးအလွတ်      (၉၉၀) လုံး၊ 20L Oxygen အိုးအလွတ်(၅၅၀) လုံး၊15 L Oxygen အိုးအလွတ်(၄၃၃၀)လုံး၊OxygenPlant စက်(၁) လုံး၊ MASK ဖာ (၅၉၈၆)ဖာ၊ PPE ဝတ်စုံ (၁၉၇၁) ဖာ၊ Medical Regulator (၁၉၃) ဖာ၊ တွန်းလှည်း ( ၂၅၀) ဖာ၊ Concentrator (၂၁၅)ဖာ၊ ဗီတာ မင် (C) ဆေး (၁၁၃၄) ဖာ၊ မျက်မှန် ( ၂၁၆) ဖာ၊ ခေါင်းစွပ်(၁၀၀၀) ဖာ၊         MANNITOL Injection(၂၄၀၀) ဖာ၊ တင်ဆောင် လာသည့် မော်တော်ယာဉ်များထပ်မံ ဝင်ရောက် လာခဲ့ကြောင်း သိရသည်။

အဆိုပါ  ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ယာဉ်အသီးသီးမှ တင်ဆောင်ပြီး ဝင်ရောက်လာခဲ့သော ပစ္စည်းများ ဖြစ်သည့်  40L အောက်ဆီဂျင်အိုးအလွတ် (၆၀၀)လုံး Concentrator(၁၂၀) လုံး Regulator (၂၀)ခုပါ (၃၀)ဖာ တို့အား ချင်းရွှေဟော်မြို့ ဝမ်ချွန်းလျှံ  ဂိုဒေါင်တွင် လည်းကောင်း ၊ ဗီတာမင် Cဆေးပြား(၁)ဖာလျှင် (၁၀)ဗူး၊ (၁)ဗူးလျှင်(၁၀၀)လုံးပါ (၁၁၃၄)ဖာ၊  15 L အောက်ဆီဂျင်အိုး အလွတ်(၈၅၀)လုံး၊  MASK (၂၅၀၀)ခုပါ (၁၅၀)ဖာ၊ MASK (၂၀၀၀)ခုပါ (၁၀၇၀)ဖာ၊ MANNITOL Injection (၁)ဖာ(၄၀)ဗူးပါ      (၂၄၀၀)ဖာ တို့အား ချင်းရွှေဟော်မြို့ နဂါးနီ ဂိုဒေါင်တွင် လည်းကောင်း၊ 40L အောက်ဆီဂျင်အိုး အလွတ်(၂၀၀)လုံး၊ 15L အောက်ဆီဂျင်အိုး အလွတ်(၆၀၀)လုံး၊ Regulator(၂၀)ခုပါ (၄၀)ဖာ၊ MASK (၂၅၀၀)ခုပါ(၁၅၀၀) ဖာ၊ PPE (၅၀)စုံပါ (၄၅၆) ဖာ၊ MASK (၂၅၀၀)ခုပါ (၁၇၉၂)ဖာ၊ 15 L အောက်ဆီဂျင်အိုး အလွတ်(၃၀၀)လုံး၊Concentrator (၅၀)လုံး MASK (၁၀၀၀)ခုပါ (၁၀)ဖာ Oxygen Plant စက်(၁)လုံး၊ PPE (၅၀)စုံပါ(၇၂၉)ဖာConcentrator          (၂၀)လုံး၊ မျက်မှန် (၂၀၀)ခုပါ (၁၆) ဖာ၊ MASK (၂၅၀၀)ခုပါ(၈၃၀)ဖာ၊ 40L အောက်ဆီဂျင်အိုး အလွတ်(၁၉၀)လုံး၊ PPE (၅၀)စုံပါ(၇၈၆)ဖာ 15L အောက်ဆီဂျင်အိုး အလွတ်(၃၀၀)လုံး၊ တွန်းလှည်း(၂၅၀) စီး၊ Concentrator(၂၅)လုံးRegulator (၂၀)ခုပါ (၁၂၃)ဖာ တို့အား ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာ၊ရွှေတြိဂံ ဂိုဒေါင်တွင် လည်းကောင်း 20L အောက်ဆီဂျင်အိုး အလွတ် (၅၅၀) လုံး၊  MASK (၂၀၀၀)ခုပါ(၆၃၄)ဖာ၊ မျက်မှန် (၂၀၀)ခုပါ(၂၀၀)ဖာ၊ ခေါင်းစွပ် (၁၀၀၀၀၀) ခုပါ (၁၀၀၀)ဖာ တို့အား ချင်းရွှေဟော်မြို့ အားလျန်ကွင်းတွင် လည်းကောင်း 15L အောက်ဆီဂျင်အိုး အလွတ် (၁၅၀၀)လုံး၊ တို့အား ကွမ်းလုံမြို့နယ်၊ ရွှေကူဝကျေးရွာ၊ ရွှေတော်ဝင် ဂိုဒေါင်တွင် လည်းကောင်း ယာဉ်အသီးသီးမှ တင်ဆောင်လာခဲ့ပြီး အထက်ပါဂိုဒေါင်များတွင် ပါရှိလာသည့် ကျန်းမာရေးသုံး ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ချိန်းပြောင်း တင်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

စည်သူမောင်မောင်