သာစည် သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ရုံးများတွင် လူမှုဖူလုံရေးအာမခံထားရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ကျန်းမာရေးဝန်ကြီး ဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ရာ သာစည်မြို့နယ် လူမှုဖူလုံရေး အဖွဲ့ရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားရှိသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအနက် အာမခံအလုပ်သမား၂၀၈၅ ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို သြဂုတ်လ ၂၆ ရက်နေ့မှ စတင်၍ သတ်မှတ်ဆေးထိုးစုရပ်များဖြစ်သည့် သာစည်မြို့နယ်စည်ပင်ခန်းမ၊ လှိုင်းတက်ကျေးရွာရှိ တပ်မတော်ဖိနပ်စက်ရုံ၊ တပ်မတော်မိုးရေကာဖျင်စက်ရုံ၊ ပြည်ညောင်ကျေးရွာရှိ အမှတ် (၃) တန် ၁၂၀၀ ဘိလပ်မြေစက်ရုံ၊ ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတွင်းတူးဖော်ရေးကုမ္ပဏီ၊ ရွှေတောင် ဘိလပ်မြေစက်ရုံ၊ မြန်မာ့မီးရထားတိုင်း(၄)မှ အာမခံအလုပ်သမားများအား မြို့နယ်စည်ပင်ခန်းမနှင့် အောင်ပန်းဘူတာရုံတို့တွင် ဆေးထိုးစုရပ် သတ်မှတ်ထားရှိ၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် လူမှုဖူလုံရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်