ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေး ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲ
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေး နေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီးအခြေပြု ပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း ယနေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရသည်။