သပိတ်ကျင်း၊ သြဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီဆောင်ရွက်နိုင်ရေးစွမ်းရည်ထက်မြတ်စွာနှင့် ထိရောက်စွာကူညီ ကယ်ဆယ်နိုင်ရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပေါင်းစပ်ကာ စုဖွဲ့လေ့ကျင့်ခြင်းသရုပ်ပြပွဲကို ယနေ့ နံနက် (၉)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
စုဖွဲ့လေ့ကျင့်သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှုးဦးနိုင်ဦးဦးဆောင်ကာတပ်ဖွဲ့ဝင်အင်အား (၃၅)တို့က ကားမတော်တဆဖြစ်စဉ်များနှင့် ပိတ်မိနေသောလူများအားကူညီကယ်ဆယ်သည့် သရုပ်ပြမှုနှင့် အခြားကယ်ဆယ်ခြင်း သရုပ်ပြမှုများကို စုဖွဲ့လေ့ကျင့်ပြသခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးသန်းထိုက်အောင်ကသပိတ်ကျင်းမြို့နယ်အတွင်းကြုံတွေ့ရလျှက်ရှိသည့် သဘာဝဘေး အန္တရာယ် များ၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ ကူညီကယ်ဆယ်ရေးဆောင်ရွက်ချက်များကို အသိအမှတ်ပြု ချီးကျူးပြီး မီးသတ်တပ်ဖွဲ့ဝင်များအား အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များကမြို့နယ်မီးသတ်ဦးစီးဌာနကခင်းကျင်းပြသထားသည့် ကူညီကယ်ဆယ်ရှာဖွယ်ရေး ပစ္စည်များကိုလိုက်လံကြည့်ရှုရာ မြို့နယ်မီးသတ်ဦးစီးမှုးက ရှင်းလင်းပြသခဲ့ကြောင်းသိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)