လပွတ္တာ သြဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရွေးမြစ်နှင့် ပြာမလော့မြစ် အကြား ရေငန်တားတည်ဆောက်ခြင်းအတွက် နစ်နာကြေးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဆက်လက်၍ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားပြီး ၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၉) ဦးဇေယျာသိန်းမှ မြေယာနစ်နာကြေးပေးအပ်မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ကန်ဘက်ကျေးရွာအုပ်စု တောင်သူ (၇၈) ဦး၊ ဧရိယာ (၈၅.၃၆) ဧကနှင့် ဘေးပေါက် ကျေးရွာအုပ်စု တောင်သူ (၃၉)ဦး ဧရိယာ (၃၇.၁၄)ဧက စုစုပေါင်း တောင်သူ (၁၁၇)ဦး ဧရိယာ (၁၂၂.၅၀) ဧကအတွက် (၁)ဧကလျှင် (၇)သိန်းနှုန်းဖြင့် (၈၅၇.၅)သိန်းကျပ်အား တောင်သူများ ထံသို့ နစ်နာကြေးများ လက်ရောက်ပေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်