ပခုက္ကူ ဩဂုတ်၂၅
ပခုက္ကူမြို့နယ်တွင် ကူးစက်ရောဂါ ကာကွယ်ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးတို့အတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့က ယနေ့ နံနက် ၉နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်ဆေးသည်။
ပခုက္ကူမြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးပြီး ဆိုင်ပိုင်ရှင်များနှင့်တွေ့ဆုံကာ ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ အတုအပနှင့် အရည်အသွေးနိမ့်ပစ္စည်းများ ရောင်းချခြင်း၊ မပြုရန်နှင့် အခက်အခဲရှိပါက အဖွဲ့ထံတင်ပြရန် ဆွေးနွေးကြကြောင်း သိရသည်။
ဇော်