သတင်းများ

ကျောက်မဲမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ကွန်ဖြူးရှပ်ကျောင်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က စတင်ကာ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်
Aug 28,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့မှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၊ကျိုက်ပိကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Aug 28,2021
လပွတ္တာ ခရိုင်၊ မော်လမြိုင်ကျွန်း မြို့နယ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှု့ဖြင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပြည်သူများအား ဒုတိယအကြိမ်ကာကွယ် ဆေး ဆက်လက်ထိုးနှံပေးခြင်း အားကျိုက်ပိကျေးရွာအုပ်စု ကျိုက်ပိ အ-ထ-က ကျောင်းတွင် ယနေ့နံနက် ၉ နာရီ အချိန်က စတင်ပြီး ကာကွယ်ဆေးထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အဖွဲ့ မိုင်းဆတ်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး 
Aug 28,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ(၃)နာရီခွဲက မိုင်းဆတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဇိအုန်ဟိုတယ်ခန်းမတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်တွင် အသက်(၆၅)နှစ်အထက်သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးဒုတိယအကြိမ်ထိုးနှံပေး
Aug 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်အသက် (၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို မိခင်နှင့်ကလေးကျန်းမာရေးဌာတွင် ယနေ့နံနက် ၉နာရီ က‌ထိုးနှံပေးခဲ့​သည်။
ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေး
Aug 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်၍ ဥသျှစ်ပင်မြို့၊ ရွှေပင်ဓမ္မာရုံနှင့် စုရပ် (၄)ခုတို့၌ တစ်​ပြိုင်နက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက်ကုန်ပစ္စည်းများ လာရောက် လှူဒါန်း
Aug 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် နယ်စပ်ရေးရာ ဝန်ကြီး ဌာနမှ နှာခေါင်းစည်း(Mask)နှင့် စားသောက် ကုန်ပစ္စည်းများလာရောက် လှူဒါန်းခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြသည်။