သံဖြူဇရပ်မြို့တွင် ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် (၁၆) တန်ဆံ့ Liquid အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

သံဖြူဇရပ်        ဩဂုတ်            ၂၅

မွန်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊  ပြည်နယ်ဝန်ကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊စေတနာရှင်၊ အလှူရှင်များသည် ယနေ့ နံနက် () နာရီအချိန်တွင် သံဖြူဇရပ်မြို့၊ဖောင်စိန်ရပ်ကွက်၌ မွန်ပြည်နယ်တွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော (၁၆) တန်ဆံ့ Liquid ​​အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် “မွန်ပြည်နယ်အတွင်း ကိုဗစ်၁၉ အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် လိုအပ်သည့် အောက်ဆီဂျင် လုံလောက်စွာရရှိစေရန် ဆောင်ရွက်လျက်ရှိရာ သံဖြူဇရပ်မြို့နယ်၊ ဖောင်စိန်ရပ်ကွက်၌(၁၆) တန်ဆံ့ Liquid ​အောက်ဆီဂျင်စက်ရုံကို မွန်ပြည်နယ်အနေဖြင့် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း၊ ယခုအောက်ဆီဂျင်စက်ရုံကို ပြည်နယ်အစိုးရအဖွဲ့မှ ကူညီပံ့ပိုးပေးမှုအပါအဝင်ဆရာတော်များ ဦးဆောင်မှု၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဓိကအချက်       အနေဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ဖွင့်လှစ်နိုင်ခဲ့သည်အောက်ဆီဂျင် စက်ရုံကြီးသည် ဆရာ၊ ဒကာ ပူးပေါင်းမှု စွမ်းပကားကြောင့် တည်ဆောက်နိုင်ခဲ့သလို စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်း​​ဆောင်ရွက်ပေးကြရန်”ပြောကြားခဲ့သည်။ 

ထို့နောက် မွန်ပြည်နယ် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး            ဗိုလ်ချုပ်ကိုကိုမောင်မှအောက်ဆီဂျင်စက်ရုံအတွက် ​​အောက်ဆီဂျင်အိုးများနှင့် Flow Meter များပေးအပ်လှူဒါန်းခြင်းအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး၊မြေနေရာချထားပေးခြင်း၊ စက်ရေတွင်း၊ ​    ရေစုကန်နှင့်ရေစက်ရုံဆောက်လုပ်ပေးခြင်း၊  (၂၀၀) KVA ထရန်စဖော်မာ တပ်ဆင်ပေးခြင်းတို့အားဆောင်ရွက်ပေးခဲ့ကြမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး (၁၆) တန်ဆံ့ Liquid ​အောက်ဆီဂျင်စက်ရုံအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ 

အဆိုပါသံဖြူဇရပ်မြို့၊ဖောင်စိန်ရပ်ကွက်၊ Liquid  ​အောက်ဆီဂျင်စက်ရုံမှာ  (၁၆) တန်ဆံ့ Liquid Tank ဖြစ်ပြီး တစ်နာရီလျှင်အောက်ဆီဂျင် (၄၀) လီတာအိုး အလုံးရေ (၇၀) ထုတ်ပေးနိုင်ကာ တစ်ရက်လျှင် အလုံးရေ (၁၂၀၀)အထိ ထုတ်လုပ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ စက်ရုံမြေနေရာအပါအဝင် (၂၀၀) KVA ထရန်စဖော်မာ ()လုံး ၊ အဝီစိတွင်းအပါအဝင် ဂါလံ (၁၀၀၀)ဆံ့ရေစုကန်နှင့် ရေတင်စက်ရုံတို့အား ပံ့ပိုးတည်ဆောက်ပေးခဲ့ကြောင်း၊ Liquid ​အောက်ဆီဂျင်စက်ရုံကို ဆရာတော်၊ သံဃာတော်များ၊စေတနာရှင် အလှူရှင်များနှင့် နယ်မြေခံတပ်နယ်များမှ  အရာရှိ၊  အရာခံ၊ အကြပ်၊ စစ်သည် မိသားစုတို့မှ အလှူငွေစုပေါင်းထည့်ဝင် လှူဒါန်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဆေးရုံများ၊ ကိုဗစ်-၁၉ရောဂါကုသရေးစင်တာများ၊ ပရဟိတလူမှုအဖွဲ့ အစည်းများထံသို့ လိုအပ်သည့်အောက်စီဂျင်များကို လုံလောက်စွာ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ FBT အဆင့်မြင့် ခရမ့်ရော်ဘာစက်ရုံသို့ရောက်ရှိ၍ စက်ရုံရှင်းလင်းဆောင်တွင် စက်ရုံတာဝန်ရှိသူက အရည်အသွေးကောင်းမွန်သည့် ခရမ့်ရော်ဘာ (MSR- 10, MSR- 20) နှင့် RSS- 3  ထုတ်လုပ်နေမှုအခြေအနေ အား ရှင်းလင်းတင်ပြမှုအပေါ် ကိုဗစ်- ၁၉ ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားနိုင်ရေး အတွက်စက်ရုံ၊ အလုပ်ရုံများကို သတ်မှတ် စည်းမျဉ်း စည်းကမ်းနှင့် အညီဆက်လက် လည်ပတ်နိုင်ရေး၊ခေတ်မီနည်းပညာဖြင့် အရည်အသွေးမြင့်ရော်ဘာ ထုတ်ကုန်များဈေးကွက်ရရှိ​​စေရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လမ်းညွှန်မှာကြားကာ စက်ရုံအတွင်း ခရမ့်ရော်ဘာ ထုတ်လုပ်မှု အဆင့်ဆင့်၊ အရည် အသွေး ထိန်းသိမ်းရေး ဓါတ်ခွဲခန်းများ၊ လေထု၊ ရေထု ညစ်ညမ်းမှု မရှိစေရေးအတွက် အနံဆိုးချွတ်စနစ်၊ စွန့်ပစ်ရေဆိုးထုတ်စနစ်တို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။

(မြို့နယ်ပြန်/ဆက်)