ပုလော သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁၇) ခြေမြန်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀-နှစ်ပြည့် /၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ နိုင်ငံသားကတ် ပျောက်ဆုံး/ပျက်စီး၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက် (၁၀)နှစ်ပြည့် နိုင်၃(က) ကျား(၁၈)ဦး၊ မ(၄)ဦး၊ ပေါင်း(၂၂) ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်၆(က) မ (၃) ဦး၊ အသက်(၁၈)နှစ် ပြည့်လဲလှယ်ကတ် ကျား(၁)ဦး၊ မ(၂)ဦး၊ ပေါင်း(၃) ဦး၊ နိုင်ငံသား စီစစ်ရေးကတ်ပျောက်ဆုံး / ပျက်စီး ထုတ်ပေးခြင်းကျား(၅)ဦး၊ စုစုပေါင်း ကျား(၂၄)ဦး၊ မ(၉)ဦး၊ ပေါင်း(၃၃)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၃)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ ကြောင်း မြို့နယ် (လဝက)ရုံးက သိရှိရသည်။
အေးအေးမော် (ပုလော)