ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား ထောက်ပံ့ငွေပေးအပ်

ရွှေကျင် ဩဂုတ် ၂၆ 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ကာလအတွင်း၌ တာဝန် ထမ်းဆောင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရွှေကျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ကာလအတွင်း၌ မိမိအသက်ကို မငဲ့ကွက်ဘဲ ကူညီဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း (၁၉) ဦးနှင့် Volunteer (၁၅) ဦးတို့အား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် (၁) သိန်းနှုန်း ထောက်ပံ့ပေးအပ်ပြီး ဆက်လက်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် PPE ဝတ်စုံ Level(2) ဝတ်စုံ (၅၀) စုံ၊ Level(3) ဝတ်စုံ (၅၀) စုံ၊ နှာခေါင်းစည်း (Mask) ဘူး (၅၀)တို့အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)(ရွှေကျင်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ‌ကျော်ဖုန်း အောင်နှင့် တာဝန်ရှိသူများက ထောက်ပံ့‌ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထွန်းထွန်းဇော်(ပြန်/ဆက်)