မံစီမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မံစီ      သြဂုတ်     ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများပူးပေါင်း၍ ယနေ့နံနက် ၈  နာရီက  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စုပေါင်းသန့်ရှင်းရေးကိုမံစီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့်    ရပ်ကွက်နေပြည်သူများက  စုပေါင်း ဆောင်ရွက်ခဲ့ကြပြီး မံစီမြို့ ကောင်ရာရပ်ကွက် ဗန်းမော်-နမ်းခမ်း ကားလမ်းမကြီးဘေးဝဲယာတ လျောက် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ စနစ်တကျရှင်းလင်းစွန့်ပစ်ခြင်း စသည်ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။