မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် ပါးစပ်၊ နှာခေါင်းစည်း (Mask) များ ပေးအပ်

မြို့သစ် သြဂုတ်   ၂၆ 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် သြဂုတ်လ ၂၅ ရက် မှ ၃၁ ရက်နေ့အထိ ကျေးရွာအရောက် (Mask Campaign) ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြို့ သစ်မြို့နယ်အတွင်းရှိ  အိမ်ထောင်စုများသို့ ထောက်ပံ့လှူဒါန်းသည့် ပါးစပ်၊  နှာခေါင်းစည်း (Mask) များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာ အဖွဲ့ခေါင်းဆောင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ပါးစပ်၊  နှာခေါင်းစည်း (Mask) များ ပေးအပ်ရာတွင် မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၇) အုပ်စု၊  ကျေးရွာပေါင်း (၁၇၅)ရွာ၊  အိမ်ထောင်စုပေါင်း (၃၅၉၅၀) စုအတွက် ပါးစပ်၊ နှာ ခေါင်းစည်း  (၁၇၉၇၅၀) ခုအား  ကျေးရွာအုပ်စုများသို့  ဖြန့်ဝေလှူဒါန်းရန်အတွက် ဌာနဆိုင်ရာအဖွဲ့ ခေါင်းဆောင်များထံ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များက  ပေး အပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းအိဇွန် (ပြန်/ဆက်)