လှိုင်းဘွဲ ဩဂုတ် ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Fighting(ဖိုက်တင်း)ပိုးသတ်ဆေးဖျန်းအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကလိုရင်းပိုးသတ်ဆေးရည်များ လိုက်လံပက်ဖျန်းခြင်းကို ယမန်နေ့က လှိုင်းဘွဲမြို့ ဘုန်းတော်ကြီးကျောင်းများတွင် လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးများ ပက်ဖြန်းရာတွင် ဘားအံမြို့မှ Fighting (ဖိုက်တင်း)ပိုးသတ်ဆေးဖျန်းအဖွဲ့က လှိုင်းဘွဲမြို့ အောင်မြင်သာယာ ဘုန်းတော်ကြီးကျောင်း၊ မြို့မဘုန်းတော်ကြီးကျောင်း၊ တောရကျောင်းနှင့် တောင်သုံလုံးကျောင်းတို့တွင် ဆရာတော်/သံဃာတော်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံမှု မရှိစေရန်အတွက် ကလိုရင်းဆေးရည်ဖြင့် ပိုးသတ်ဆေး လိုက်လံ ပက်ဖြန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။