စလင်းမြို့နယ်ကူတိုတောင်ရွာနှင့် ကူတိုမြောက်ရွာတို့အား Mask Campaing ပြုလုပ်

 

စလင်း   ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မန်ကျီးပင်ပုကျေးရွာ အုပ်စု၊ ကူတိုတောင်ရွာနှင့် ကူတိုမြောက်ရွာတို့၌ ယမန်နေ့ နေ့လည် ၁၁ နာရီ အချိန်က  Mask Campaing ပြုလုပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

စလင်းမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၁၁၀ ရှိရာ မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏လမ်းညွှန်မှုဖြင့် စလင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှတဆင့် ရပ်ကွက်ကျေးရွာအုပ်စုများအတွင်းရှိ အိမ်ထောင်စု များလက်ဝယ်အရောက် Mask ပါးစပ်နှာခေါင်းစည်းများဖြန့်ဝေပေးခဲ့သည်။ ထိုသို့ဖြန့်ဝေ ပေးခြင်းကို မြို့နယ်အတွင်းရှိကျေးရွာများအား ဩဂုတ်လ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျေးရွာများအားလုံးကို ပြုလုပ်သွားရန်နှင့် တစ်အိမ်ထောင် လျှင် Mask (၁၀)ခုနှုန်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်၊ ရုံးအုပ်ကြီး ဦးသိန်းဇော်၊ မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်အေးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းနိုင်နှင့် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများက ကူတိုတောင်ရွာနှင့်မြောက်ရွာတို့ရှိ အိမ်ထောင်စု ၂၉၈ အိမ်ထောင်စုတို့အား Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)