နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုးသတ်ဆေးထောက်ပံ့ခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပ                   

နတ်မောက် သြဂုတ်     ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ပိုးသတ်ဆေးပေး    အပ်ပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်ခန့်က စိုက်ပျိုးရေး ဦးစီး ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်ထောင့်ကျေးရွာအုပ်စု၊ တောင်ထောင့်ကျေးရွာနှင့် ကုန်ဇောင်းကျေးရွာမှ တောင်သူ (၂၅) ဦးအား တစ်ဦးလျှင် ဆေးရွက်ကြီးပိုးသတ်ဆေး (၂)ဗူး၊ ၅ အမိုင်နိုအက်ဆစ် (၁) ဗူး၊ ကျောက်မှုန့်မြေသြဇာ (၂) အိတ် ထောက်ပံ့ပေးခဲ့သည်။                                      

နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ သဘာဝမြေသြဇာများ အသုံးပြုခြင်းကြောင့် အပင်များ အားကောင်းပြီး သန်စွမ်းစေရန်၊ ပျ ၊ ဖြုတ်၊ ပိုးစေးနှဲ ပိုးမွှားများ ကျရောက်မှုနည်းပါးစေရန်၊ အသီးအပွင့်ခိုင်မာစေရန်၊ သဘာဝပိုးသတ်ဆေးများကို စနှစ်တကျသုံးစွဲတက်စေရန်  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှဝန်ထမ်းများက ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများကလည်း သိရှိလိုသည့်အကြောင်း  အရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

သင်းသင်းမြတ်