မိုင်းပျဉ်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဒုတိယအကြိမ်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျောင်း စာသင်ခန်း၌ ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ယာယီမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်နှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၅၀)၊ ကျောင်းသူ (၆၆)ဦး၊ စုစုပေါင်း(၁၆၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသူများလက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)