လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် စာရေးဆရာမောင်အောင်၏ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲကျင်းပ

ဗဟန်း ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က စာရေးဆရာ ဒေါက်တာ မောင်အောင်၏ စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။      

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ဒေါက်တာ မောင်အောင်က “စီးပွားရေး စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်တဲ့နည်းလမ်းများ” စာအုပ်ကိုရေးသားထုတ်ဝေရသည့် အကြောင်းနှင့်ပက်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာ ဒေါက်တာ မောင်အောင်က စီးပွားရေး စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ စာအုပ်ကို ရန်ကုန်တိုင်း အတွင်းရှိ ခရိုင်၊ မြို့နယ် ပြည်သူ့စာကြည့်တိုက်များအတွက် တစ်ရုံးလျှင် တစ်အုပ်နှုန်းဖြင့် စာအုပ် (၄၆) အုပ်လှူဒါန်းခဲ့ရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာမ ညွှန့်ညွှန့်(ကလော)က မုဒိတာစကားပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတရစေသော သုတ/ ရသစာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သင်းသင်းစိုး