မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ ‌မြေလတ်၊ မြေလပ်နေရာများ၌ ဖီးကြမ်းငှက်ပျောပင် စိုက်ပျိုးပွဲကျင်းပ

မင်းကင်း ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်ဝစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နေ့စဉ်ငှက်ပျောသီးကျွေးမွေးနိုင်ရန်အတွက် အ‌ခြေခံပညာအထက်တန်းကျောင်းဝန်းရှိ မြေလွတ်၊ မြေလပ်နေရာများ၌ ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီဝအချိန်တွင် ကျင်းပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍ ငှက်ပျောပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဦး၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများက ဖီးကြမ်းငှက်ပျောပင် (၆၈) ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ငှက်ပျောပင်စိုက်ပျိုးရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသျှန်းအုပ်ကိမ်က ငှက်ပျောပင်စိုက်ပျိုးနည်းစနစ်နှင့်ရည်ရွယ်ချက်တို့အား ရှင်းလင်းဆွေးနွေးပြီး ငှက်ပျောပင် စိုက်ပျိုးနည်းပညာပေးစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)