သတင်းများ

ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှု သင်တန်း ကျင်းပ
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှုသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်သူများသွားလာမှု အဆင်ပြေစေရန် ကျုံပျော်မြို့၊ တေဇရပ်ကွက် ဘုရင့်နောင်(၂) လမ်းကို ကျောက်ချောလမ်းခင်း ဆောင်ရွက်
Jan 15,2021
ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်၊ ဘုရင့်နောင်(၂) လမ်းကို ကျောက်ချော လမ်းခင်းခြင်းအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဦးဆောင်ကာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
မဘိမ်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Jan 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင်မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရန်/ ရှောင်ရန်အချက်များ နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က မြို့ပေါ် ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်အတွင်း ကျေးလက်ဒေသများ၌ သန့်ရှင်းသောသောက်သုံးရေရရှိရေးလုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ်များ မိတ်ဆက်ရှင်းလင်း
Jan 15,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး ခန်းမ၌ ပြုလုပ်သည်။
အရာ​တော်မြို့နယ် စိုက်ပျိုး​ရေးဦးစီးဌာနမှတာဝန်ရှိသူများ ဆောင်းသီးနှံ(ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း)စိုက်ခင်းများအား ကွင်းဆင်းစစ်​ဆေး
Jan 15,2021
စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာတော်မြို့နယ် အုပ်ရှင်းကြီးနည်းပညာပြန့်ပွားရေးစင်တာမှ တာ၀န် ကျ ၀န်ထမ်းများသည် ယမန်​နေ့က ကောင်းသစ်ကျေးရွာ၊ ဟင်္သာကျေးရွာရှိ ဆောင်းသီးနှံ (ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း) စိုက်ခင်းများတွင် ပိုးမွှားကျ​ရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ဆက်လက်ဝင်ရောက်
Jan 15,2021
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၂၇)ဉီး ဆက်လက်ဝင်ရောက်လာခဲ့သည်။