ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေ့စဉ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသူများအား ကျန်းမာရေး စစ်ဆေးခြင်း ခရီးသွားရာဇဝင်စိစစ်ခြင်း၊ သက်ဆိုင်ရာဒေသအလိုက် ဒေသထောက်ခံစာများစိစစ်ခြင်း နှင့် ရပ်ကွက်များ၊ လမ်းများ၊ စျေးများ၊ လူထူထပ်ရာနေရာများတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား အရေးယူခြင်း၊ ခိုင်လုံသည့်အထောက်အထားပြသနိုင်ခြင်း မရှိသူများအား မြို့နယ်အတွင်း ဖြတ်သန်း ဝင်ရောက်ခွင့်မပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်း အဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)