သတင်းများ

လိပ်သိုမြို့ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ၌ ကုန်းမြင့်ကော်ဖီ (ARABICA) စံကွက်ရိတ်သိမ်း ဆွတ်ခူး
Jan 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးမှ ၀န်ထမ်းများသည် လိပ်သိုမြို့ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအောင်သော်မြင့် ဦးဆောင်သော ၀န်ထမ်းများနှင့်ပူးပေါင်း၍ လိပ်သိုမြို့ ကော်ဖီနည်း ပညာဖွံ့ဖြိုးရေးခြံတွင် ကော်ဖီနည်းပညာခြံ ၀န်ထမ်းများ၏ အကူအညီဖြင့် ယမန်နေ့နံနက် က ကုန်းမြင့်ကော်ဖီ (ARABICA) မျိုးအား စံကွက်ရိတ်သိမ်း ဆွတ်ခူးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာသစ် (စတုတ္ထ)မြောက်လူနာ (အမျိုးသမီး)တစ်ဦးထပ်မံတွေ့ရှိ
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု အလက-သိန်ခွန်း ကျောင်း Quarantine Centre အတွင်း ဇန်နဝါရီလ(၁၁)ရက်နေ့မှစ၍ Ficility Quarntine အသွား အလာ ကန့်သတ်စောင့်ကြပ်ထားရှိသူ အသက်(၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း၊ အဆိုပါ ပိုးတွေ့လူနာသည် တနင်္သာရီမြို့နယ်တွင် (စတုတ္ထ)မြောက်တွေ့ ရှိသည့် လူနာဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရှိရသည်။
ဖားဆောင်းမြို့၌ (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပ
Jan 15,2021
ကယားပြည်နယ်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်​နေ့တွင် ကျ​ရောက်သည့် (၆၉)နှစ်​မြောက် ကယားပြည်နယ်​နေ့  အခမ်းအနားကို ယ​နေ့ နံနက်(၇)နာရီအချိန်က ဖားစည်သံလွင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အသွားအလာကန့်သတ် ထားရှိသူ ၃၅ ဦးရှိ
Jan 15,2021
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင်လိုင်ပေါင်းလုံ ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ခရီးသွားပြည်သူများအား မိမိခရီးစတင်ထွက်ခွာလာသည့်ဒေသနှင့် သွားရောက်မည့်ဒေသများကို မှတ်တမ်းရယူခြင်းများကို နေ့စဉ် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ နေရပ်ပြန်လာသူ (၃၅) ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုမဖြစ်ပွားစေရန်နှင့်ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးများမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေး လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ လူထုအခမ်းအနားပွဲကျင်းပ
Jan 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၌၂၀၂၁ခုနစ်၊ ဇန်နဝါရီ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၆၉)နစ်မြောက်ကယားပြည်နယ်နေ့ လူထုအခမ်းအနားကို မြို့အဝင် စောလဖော်ခန်းမ၌ ယနေ့နံနက် (၇)နာရီအချိန် က ကျင်းပသည်။
သဲကုန်းမြို့တွင် ကုန်စုံဆိုင်တိုက်ခန်း မီးလောင်မှုဖြစ်ပွား
Jan 15,2021
ပဲခူးတိုင်ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ရပ်ကွက်(၄)၊ တပ်ရွာလမ်းနေ၊ ဒေါ်သဇင်ထွန်း ဆောက်လုပ်ထားသော အလျား ၁၀´× အနံ ၈´× အမြင့် ၁၅´ သွပ်မိုးကုန်စုံဆိုင် တိုက်ခန်းအား ယနေ့နံနက် ၁၂:၄၀ နာရီအချိန်ခန့်က မီးလောင်ကျွမ်းနေကြောင်း သတင်းပေးချက်အရ သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်မှ မီးသတ်ယာဉ်(၂)စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ/သားများ စုစုပေါင်း အင်အား(၅၀) ဦးခန့်တို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီအချိန်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး နံနက် ၁:၁၀ နာရီအချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။
ငါးခန်းတွဲတစ်ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန် ရတနာပန္နက်တော်တင်
Jan 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းရှိ ဆရာ/ဆရာမများ နေထိုင်မှုအဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်မည့် (၅)ခန်းတွဲ၊ (၁)ထပ် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ရတနာပန္နက်တော်တင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ၀န်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။