ကျုံပျော် ဇန်နဝါရီ ၁၅
ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ တေဇရပ်ကွက်၊ ဘုရင့်နောင်(၂) လမ်းကို ကျောက်ချော လမ်းခင်းခြင်းအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့က ဦးဆောင်ကာ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယခင်က အဆိုပါလမ်းသည် မြေသားလမ်း ဖြစ်သဖြင့် မိုးတွင်းကာလ သွားလာမှု အခက်အခဲများရှိခဲ့ကြောင်း၊ ယခု ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသောကြောင့် ပြည်သူများ ဝမ်းသာလျက်ရှိကြ ကြောင်း အဆိုပါရပ်ကွက်နေ ပြည်သူတစ်ဦးကဆိုပါသည်။
လမ်းကို အရှည်ပေ(၆၅၀)၊ အကျယ်(၁၂)ပေ ဆောင်ရွက်လျက်ရှိပြီး မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ မြို့တွင်းရှိလမ်း အချို့ကိုလည်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)