အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီး
Jan 15,2021
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အားဖြည့်အချိုရည် အတုပြုလုပ်နေမှုအား ဖော်ထုတ်ဖမ်းဆီးခြင်းကို ဇန်နဝါရီ ၁၄ ရက်ည ၉ နာရီ ၁၅ မိနစ်က ဒေါနဘွားရပ်ကွက်၊ အကွက်(၁၀)၊ ၁၆လမ်းနှင့်၁၇လမ်းကြား၊ ၆၂ လမ်းရှိ အရောင်းအဝယ်လုပ်ကိုင်သူ ဦးပီကူးမား(ဘ) ဦးကေ့စ်ဗဟာဒူး၊ အသက် ၆၅ နှစ်၏ နေအိမ်၌ အားဖြည့်အချိုရည် များ အတုပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေဖော်ထုတ် စစ်ဆေးခဲ့ခြင်းဖြစ်သည်။