ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှု သင်တန်း ကျင်းပ

ရေကြည်  ဇန်နဝါရီ  ၁၅


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေး နည်းဥပဒေ အသိပညာပေး ရှင်းလင်းမှုသင်တန်းပေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်းက  နည်းဥပဒေပြောင်းလဲမှုနှင့် ပတ်သက်သည့်‌ အကြောင်းအရာ များကို ရှင်းလင်းပြောကြားခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ ရာအိမ်မှူး၊ ဆယ်အိမ်မှူး ရွေးချယ်ခန့် ထားရေး လုပ်ငန်းစဉ်များ၊ ရွေးချယ်ရမည့် လုပ်ငန်းအဆင့်ဆင့်၊ ကြီးကြပ်ရေးအဖွဲ့မှ ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းမှာ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်တွင်နေ့တွင် ကုန်ဆုံးမည် ဖြစ်ရာ အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ ခုနှစ်ဧပြီလ တစ်ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ပြန်လည်ရွေးချယ် ရာတွင် အဆင်ပြေ ချောမွေ့စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
    
အောင်သူဟန် (ပြန်/ဆက်)