နတ်မောက်မြို့နယ်တွင်မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

 နတ်မောက်   ဇန်နဝါရီ  ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရန်/ ရှောင်ရန်အချက်များ နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က မြို့ပေါ် ရပ်ကွက်များတွင် လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။                                            

ထိုသို့ဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးနှင့် မကွေးခရိုင်မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ချက် အရ နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမော်၏ဦးဆောင်ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ ဝင်များက ပွင့်လင်းရာသီရောက်ရှိလာချိန်တွင် မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရေး နည်းလမ်းများနှင့် မီးသုံးစွဲသူပြည်သူများ လိုက်နာရန်အချက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးကာလတွင် ပြည်သူများအကြား ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး  ဌာန၏ လမ်းညွှန်ချက်များအတိုင်း နေအိမ်ပြင်ပသွားလာသူတိုင်း နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ လက်ဆေးခြင်း စသည့်အချက်များကို  မီးသတ်ယာဉ်ဖြင့် မြို့ပေါ် ရပ်ကွက် များသို့ လိုက်လံကာအသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သင်းသင်းဝေ (နတ်မောက်)