သတင်းများ

သာယာဝတီမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Jan 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်း အစည်းအဝေးခန်းမ၌ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ (၁၂)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ထောက်ပံပေးအပ်
Jan 15,2021
Development Aid for People with Disabilities နှင့် ခရမ်းရောင်ကြာပန်းမှ နမ္မတူမြို့နယ်ရှိ မသန်စွမ်းသူ (၁၂)ဦးအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၉)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းပွဲကျင်းပ
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ နေ့လယ် (၃) နာရီခန့်က ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်ရေး အဖွဲ့များ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများအား တာဝန်ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဟိုပန်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေး သင်တန်း ဖွင့်လှစ်
Jan 15,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြု စိုက်ပျိုးရေးပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟိုပန်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
Jan 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မောက်မယ်မြို့နယ်၌ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 15,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇၄.၅)သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ၊ နားသဲ-ကျောင်းထမ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား ဆောင်ရွက်မည့်နေရာအား ယမန်နေ့ ​နေ့လယ်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်း၊ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအာကာဖြိုးတို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ၊ အရည်အသွေး ပြည့်မီ ရေးနှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်နိုင်မှုများအား စစ်ဆေးခဲ့သည်။
သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ မွေးမြူခြင်းဆိုင်ရာ သတိပေး တားမြစ်နှိုးဆော်ခြင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်သည် မူးချောင်း၊ ဆည်မြောင်း၊ အင်းအိုင်၊ ငါးမွေးကန် များရှိသဖြင့် ဒေသတွင်း တိုင်းရင်းငါးမျိုးစိတ်များ၊
ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ကျေးရွာ (၁၀) ရွာ၌ အကောင်အထည် ဖော်မည်
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၀)ခုရှိ ကျေးရွာ(၁၀)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၌ ပြည်ထောင်စု အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။