ချောင်းဆုံမြို့နယ် မရမ်းကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု
Jan 15,2021
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရေရှားပါးသည့် ကျေးရွာများတွင်ပြည်သူများ သောက်သုံးရေ လုံလောက်စွာရရှိစေရန်အတွက် ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဏာရေးနှစ် ရန်ပုံငွေဖြင့် မရမ်းကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း နှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက် က မွန်ပြည်နယ် (ကျေး/လက်)ဌာန ညွှန်ကြားရေးမှူး ဦးစိုးမောင် ၊ ခရိုင်ဦးစီးမှူး ဦးအေးနိုင် ၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်း မော် ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။