ပင်လည်ဘူး ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်သည် မူးချောင်း၊ ဆည်မြောင်း၊ အင်းအိုင်၊ ငါးမွေးကန် များရှိသဖြင့် ဒေသတွင်း တိုင်းရင်းငါးမျိုးစိတ်များ၊ သဘာဝသယံဇာတ များကို ထိခိုက်ပျက်စီးစေနိုင်သော ပြည်ပမှ တင်သွင်းလာသည့် ဒေသရင်းမဟုတ်သည့် အာဖရိက ငါးခူ၊ ပြည်ပ ငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့ငါး)၊ စုပ်ခွက်ငါးအန္တရာယ် ကာကွယ်မှု၊ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်က အသိပညာပေး ဟောပြောဆွေးနွေး၍ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ငါးမွေးတောင်သူများ၊ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပင်လည်ဘူးမြို့နယ်အတွင်း မူးချောင်းတံတားထိပ်နှင့် အခြားသော လူသွား လူလာများသည့် နေရာများတွင် စုပ်ခွက်ငါးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေး နှိုးဆော် ချက် ပိုစတာများ စိုက်ထူထားပါကြောင်း၊ အဆိုပါ ပြည်ပမှတင်သွင်းလာသော ဒေသရင်း မဟုတ်သည့် အာဖရိက ငါးခူ၊ ပြည်ပ ငါးရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့ငါး)၊ စုပ်ခွက်ငါး အန္တရာယ် ကာကွယ်မှုနှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်ထံမှ သိရသည်။
ဆက်လက်ပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများမှ တက်ရောက်လာကြသူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)