မောက်မယ် ဇန်နဝါရီ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၇၄.၅)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားသဲကျေးရွာ၊ နားသဲ-ကျောင်းထမ် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းပေါ်ရှိ ကုန်ထုတ်တံတား ဆောင်ရွက်မည့်နေရာအား ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်း၊ ဒုတိယဦးစီးမှူး ဦးစိုင်းမျိုးထက်နှင့် တာဝန်ခံအင်ဂျင်နီယာ ဦးအာကာဖြိုးတို့မှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ၊ အရည်အသွေး ပြည့်မီ ရေးနှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများဖြင့် ဆောင်ရွက်နိုင်မှုများအား စစ်ဆေးခဲ့သည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းအား ဖောက်လုပ်ပြီးစီးသွားပါက ကျေးရွာ(၂)ရွာ ၊ အိမ်ခြေ (၉၁)အိမ်နှင့် ကျေးလက်နေလူဦးရေ (၃၉၁) ဦးအား အကျိုးပြုသွားမည်ဖြစ်ပြီး ကျေးလက်ကုန်ထုတ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)