မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ အိမ်တိုင်ရာရောက် ထောက်ပံ့

မိုးနဲ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေးပင်စင်များကို ယနေ့ နံနက် နာရီအချိန်က ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာန (တာဝန်ခံ) ဒေါ်ခိုင်စံပယ်ဖြူနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဥယျာဉ်ရပ်ကွက်နှင့်ပေါ့မိုင်း ရပ်ကွက်ရှိ အဘိုးအဘွား(၂၂)ဦးတို့အား တစ်ဦးလျှင် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ သုံးလအတွက် ငွေကျပ် ၃၀၀၀၀ စီကို အိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြု ပေးအပ်ခဲ့ကြသည်။

မိုးနဲမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် အမျိုးသားလူမှုရေးပင်စင်ရရှိသူ သက်ကြီးဘိုးဘွား စုစုပေါင်း(၈၂)ဦးရှိပြီး သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများမှတစ်ဆင့် အိမ်တိုင်ရာရောက် ကွင်ဆင်းသွားရောက်ပေးအပ်သွားမည် ဖြစ်ကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(ပြန်/ဆက်)