အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များ အား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ ပေး ဆွေးနွေးခြင်းများဆောင်ရွက်

မန္တလေး ဇန်နဝါရီ ၁၅

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေးဆွေးနွေးခြင်းကို ယနေ့နံနက်၁၀နာရီက၂၄လမ်းနှင့် ၈၆လမ်းထောင့်ရှိ ပြည်ကြီးကျက်သရေ အနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်ခဲ့သည်။

ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ ချပြရှင်းလင်းခြင်းနှင့် အသိပညာ ပေးဆွေးနွေးခြင်းကို ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့စု (မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်နှင့် ရဲအုပ်ဇာနည်အောင်တို့က ရပ်ရွာအခြေပြုလူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များအား ချပြရှင်းလင်းပြီး ကလေးသူငယ်အခွင့်‌အ‌ရေးများဆိုင်ရာ ဥပ‌ဒေများအကြောင်း၊ ရပ်ကွက်အတွင်း‌ရှိ ကလေးသူငယ်များအား လူကုန်ကူးမှုကျူးလွန်ခံရခြင်း မရှိစေရေး‌အတွက်ဆောင်ရွက် ရမည့်အကြောင်းများ၊ အဓမ္မလုပ်အားခိုင်းစေခြင်းအကြောင်း၊ အခြားတနည်းနည်းဖြင့် ကာမဆိုင်ရာကိစ္စပြုစေခြင်းအကြောင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းအကြောင်း၊အဓမ္မဝန်‌ဆောင်မှုပေးစေခြင်း အကြောင်းများနှင့် လုပ်အား ခေါင်းပုံဖြတ်ခြင်းများဖြစ်ပွားမှုမရှိစေရေးအကြောင်းတို့ကို အသိပညာပေးရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို‌ မေးမြန်း‌ဆွေးနွေးကြရာ ရဲအုပ်ကမ်အောင်မြင့်နှင့် ရဲအုပ်ဇာနည်‌အောင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ကလေးသူငယ် မှုခင်းကိစ္စများ၊ လူကုန်ကူးမှု ကိစ္စရပ်များနှင့် ပတ်သက်၍ သံသယရှိပါက အရေးပေါ်ဆက်သွယ်ရန် Hot Line ဖုန်းနံပါတ်များနှင့် အသိပညာပေး လက်ကမ်းစာစောင်(၅၀)တို့အား ဖြန့်ဝေပေးကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာသို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ရဲတပ်ဖွဲ့စု(မန္တလေး)မှ ရဲအုပ်ကမ်အောင်မြင့်၊ ရဲအုပ်ဇာနည်အောင်၊ ပြည်ကြီး ကျက်သရေ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး‌လှမြင့်နှင့် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့ဝင်(၇)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)