မိုင်းပန်မြို့၊ ဌာနဆိုင်ရာဝန်ထမ်းအိမ်ရာတည်ဆောက်မည့်နေရာသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့ ကွင်းဆင်းစစ်ဆေး

မိုင်းပန် ဇန်နဝါရီ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့၊ အရှေ့ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့်နေရာသို့ ယမန်နေ့ မွန်းလွဲ()နာရီအချိန်က ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းအောင်ကျော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မိုင်းပန်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ ရုံးပေါင်း(၃၀)ရုံး တည်ရှိပြီး အခြားဒေသမှ လာရောက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများသည် ဝန်ထမ်းအိမ်ရာ မရှိသဖြင့် ရုံးများ၌ နေထိုင်သူ(၃၁)ဦး၊ ပုဂ္ဂလိကနေအိမ်များတွင် ငှါးရမ်းနေထိုင်သူ(၁၉)ဦး၊ တည်းခိုခန်းတွင် ငှားရမ်းနေထိုင်သူ()ဦး စုစုပေါင်း ဝန်ထမ်း(၅၃)ဦး နေထိုင်လျက်ရှိရာ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်အတွက် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၃၀၂)သန်းဖြင့် အလျား(၆၁.)ပေ၊ အနံ(၅၁)ပေ၊အမြင့်(၄၁)ပေ၊ ()ခန်းတွဲ()ထပ် ဌာနပေါင်းစုံ စုပေါင်းဝန်ထမ်းအိမ်ရာအား "ရွှေကျားအိမ်" ကုမ္ပဏီလီမိတက်မှ တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

အိရွှေစင်လတ်