မက်မန်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် စိစစ်ရွေးချယ်နိုင်ရေး ရပ်ကျေးစာရေးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မက်မန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေးမှ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ် မှန်ကန်စွာ ရွေးချယ်နိုင်ရေး၊ မှန်ကန်မှုရှိစေရေး စနစ်တကျ စိစစ်ရွေးချယ်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသော ရပ်ကွက်၊ ကျေးရွာ အုပ်စုစာရေးများက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းမှ ရပ်ကျေးစာရေးများ၏ တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး (ပြန်/ဆက်)