မြို့လှတွင် သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝ ပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်
Jan 13,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ရှိ တောင်သူများအနေဖြင့် သွင်းအားစုများ လျှော့ချပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေဆွေးပြုလုပ်နည်းများအသုံးပြုခြင်းဖြင့် မြေဆီလွှာ များကောင်းမွန်လာစေပြီး သီးနှံများသဘာဝအလျောက် ကြီးထွားနှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ မြို့လှမြို့၊စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဦးခင်မောင်သန်း၏ စိုက်ပျိုးရေးခြံအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။