သတင်းများ

လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး
Jan 14,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာကွင်းတွင် စိုက်ပျိုးထားသော သကြားပြောင်း စိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင်သုံးဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ရဲစခန်းအား အသွားအလာ ကန့်သတ်
Jan 14,2021
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် (၃)ဦ:အား ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသဖြင့် ညောင်လေးပင်ရဲစခန်းအား အသွားအလာ ကန့်သတ်ထားကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဒုတိယညွန်ကြား​ရေးမှူး လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်ရွက်နေ သည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Jan 14,2021
စိုက်ပျိုး​ရေး၊​ ​မွေးမြူ​ရေးနှင့် ဆည်​​မြောင်းဝန်ကြီးဌာန၊ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့်​ ဆောင်ရွက်​နေ​သော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်​ဖော်​ ဆောင်ရွက်​နေ​သောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြား​ရေးမှူးဦးစတင့်​ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု​ခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့ G.T.I Quarantine Center ဝင်ရောက်နေသူ(၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာ အနံ့ပျောက်ပိုးတွေ့နှင့်ဆက်စပ်သူ (၈)ဦးတွင်ရောဂါပိုးတွေ့ရှိ
Jan 14,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း Quarantine Center ဝင်ရောက်နေသူ (၂၄၆)ဦးမှ Swab ယူရန်ကျန်ရှိသူ(၆၅)ဦးအား ဇန်နဝါရီ(၁၃)ရက်နေ့ က RDT Test Kit ဖြင့်စစ်ဆေးရာ၊ ယမန်နေ့က အနံ့ပျောက် သဖြင့် ဆေးရုံတက်ရောက်ကုသပြီး၊ စစ်ဆေးရာမှ ရောဂါပိုးတွေ့ရှိသူများနှင့်ဆက်စပ်သဖြင့် Quarantine ဝင်ရောက်နေသူ(၈)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ
Jan 14,2021
မိုးကုတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်ဒါရိုက်တာ သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉ နာရီအချိန်က အဆိုပါမြို့နယ်သမဝါယမအသင်းစု လီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
Jan 14,2021
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေဖြင့် တည်ဆောက်သည့် အဆောက်အဦအသစ်(၃)လုံး တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြင်းခြံခရိုင်တွင် ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့
Jan 14,2021
၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်တွင် မီးလောင်မှု (၄၇) ကြိမ်ထိ ဖြစ်ပွားခဲ့ကြောင်းနှင့်ယခင်နှစ်ကထက်(၁၅)ကြိမ် ပိုမိုဖြစ်ပွားခဲ့ကြောင်းကို မြင်းခြံခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သက်လှိုင်ထံမှ သိရသည်။
ပုသိမ်မြို့ Lockdown ချထားသော နေရာ(၄)နေရာသို့ စားသောက်ကုန်များ ထောက်ပံ့ကူညီပေး
Jan 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု များပြားလာသဖြင့် ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ Lockdown ပြုလုပ်ထားသော ပုသိမ်မြို့နယ်ရှိ တဂေါင်းဘုရား (အတွင်းချောင်လမ်း)၊ ငုဝါ(၃)လမ်းရှိ အဆောင်တစ်ဆောင်၊ ရွှေဘုံသာဘုရားလမ်းရှိ နေအိမ်များ၊ ဒုံကွင်းတိုးချဲ့(၃)လမ်းစသည့် နေရာ(၄)နေရာကို ယမန်နေ့ ညနေပိုင်းက လှူဒါန်းထားသော ဆရာဝန်ကြီးများ၊ အလှူရှင် မိဘပြည်သူများတို့၏ ကိုယ်စား စားသောက် ကုန်များကို သွားရောက် လှူဒါန်းခဲ့ကြသည်။