မက်မန်းမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မက်မန်းမြို့ မြို့ပတ်လမ်းဖောက်လုပ်နေမှုနှင့် မက်မန်း-ကောင်းလန်းလမ်း ဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

မက်မန်း         ဇန်နဝါရီ        ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၌ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖောက်လုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ မက်မန်းမြို့ မြို့ပတ်လမ်းဖောက် လုပ်နေမှုနှင့် မက်မန်း-ကောင်းလန်း လမ်းဖောက်လုပ်နေမှုအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ မြို့နယ် တည်ဆောက်မှု လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မက်မန်းမြို့ပတ်လမ်း(၁)မိုင်ခွဲ၊ မက်မန်းကောင်းလန်း(၇)ဖာလုံ ကျောက်ခင်းလမ်း လမ်းခင်းနေမှုအား၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်မင်း၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဦးမိုင်းနိုင်နေလင်း၊ မြို့နယ်တည်ဆောက်မှု လုပ်ငန်းကြီးကြပ်ရေး ကော်မတီဝင်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ လမ်းဆောက်လုပ်ရေး ကုမ္ပဏီအား မှာကြားခဲ့သည်။ မက်မန်းမြို့ပတ်လမ်း၊ မက်မန်း-ကောင်းလန်းလမ်းဖောက်လုပ်ပြီးစီးပါက ကောင်းလန်းကျေးရွာ အတွင်းရှိ ဒေသခံပြည်သူများ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ပြီး အလွယ်တကူ သွားလာနိုင် မည်ဖြစ်ကြောင်း သိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)