သတင်းများ

ပင်လောင်းမြို့နယ်၌ ဆောင်းရာသီ ခရမ်းချဉ်သီး တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Jan 14,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကောင်လှိုင်းကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုးကို ရေထွက်များအနီးဝန်းကျင်၌ ရေသွင်း၍ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိသည်။
မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်(၆၀)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိ
Jan 14,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၆၀)ဦး စံချိန်တင် ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၉၀၄)ဦးထိ ရှိလာ ကြောင်း သိရသည်။
သံဖြူဇရပ်​ မွေး/ကုဦးစီးဌာနမှ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သည့်​ ရောဂါများမဖြစ်ပွား ​စေ​ရေး အသိပညာပေး သင်တန်းဖွင့်လှစ်
Jan 14,2021
အိမ်​မွေးတိရစ္ဆာန်များ၌ရောဂါကျ​ရောက်မှုများ လျော့နည်းကျဆင်းရန်အတွက် လည်းကောင်း၊ တိရစ္ဆာန်များမှ တဆင့်လူသို့​ ကူးစက်တတ်သော​​ရောဂါများဖြစ်ပွားမှုမရှိ​စေ​ရေးအတွက် ရည်ရွယ် ၍၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန ်များ၌ဖြစ်ပွားတတ်​သော​ရောဂါများ ကာကွယ်ထိန်းချုပ်​ရေးသင်တန်းကို၊ သံဖြူဇရပ်မြို့နယ်၊ ကရင်​ သောင်​ကျေးရွာ၌ ဇန်နဝါရီ ၁၂ရက်နှင့် ၁၃ရက်တွင်(၂)ရက်တာ သင်တန်းပို့ချ​ကြောင်း သိရသည်။
တာလေမြို့ နယ်‌မြေမီးသတ်စခန်းအား ရှမ်းပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး ကြည့်ရှုစစ်ဆေး
Jan 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့ရှိ တာလေနယ်မြေမီးသတ်စခန်းအား ရှမ်းပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်သည် ယမန်နေ့ ညနေပိုင်းက ရောက်ရှိပြီး မီးသတ်စခန်းရှိ မီးသတ်ရေယာဉ်၊ မီးသတ်စက်ပစ္စည်း ကိရိယာများနှင့် စခန်းတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ကြက်သွန်ဖြူပျိုးပင်များ နုံးတင်မြေနုများတွင် စတင်စိုက်ပျိုး
Jan 14,2021
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ယောချောင်းတွင် ရေနည်း ချိန်ကာလ ချောင်းဘေးမြေနုလွင်ပြင်များ၌ ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ ကို စိုက်ပျိုး လျက်ရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီကျော်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိလာပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဟုမ္မလင်းမြို့တွင် အမျိုးသား (၃)ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အ-ထ-က-၁ CBFQ နေရာတွင် ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ်၂၀ အချိန်တွင် ကျန်းမာရေးဌာနမှ RDT Test Kit ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသား(၃)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်သို့ ပိုဆောင် ၍ ဆေးကုသမှုခံယူ လျက်ရှိ ကြောင်းသိရသည်။
မြိုင်မြို့အမှတ်(၂)ဈေးတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၂)ဈေးတွင် ကုန်စိမ်းဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ကွန်က ရစ် ခင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့ က စတင်ဆောင်ရွက်လျှက်ရှိသည်။