ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ထောက်ပံ့ငွေပေးအပ်
Jan 13,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်း ကရင်လူမျိုးတိုင်းသား အများစုနေထိုင်သော ကျေးရွာများတွင် ကရင် နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည့်အတွက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အဖြစ်ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။