သတင်းများ

ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Jan 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့ ညနေ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ယမန်နှစ်အတွင်း အမှု(၇)မှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေး
Jan 13,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ဥပဒေအကူအညီတောင်းခံလာသူများကို အခမဲ့လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံမှ သိရသည်။
ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရေး စက်ရေတွင်းတူး
Jan 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံး ရေရရှိရေးအတွက် ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင် (ဗမာ)ကျေးရွာ၌ ဆောင်ရွက်နေသည့် 4" စက်ရေတွင်း(တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်လျာထားချက်များ ညှိနှိုင်း အတည်ပြုရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Jan 13,2021
မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းလျာထားချက် ညှိနှိုင်း အတည်ပြုရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေး အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများအကြောင်း ချပြရှင်းလင်းဆွေးနွေး
Jan 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ အကြောင်း ချပြရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေးအတွက် ထီးလင်းမြို့(ယာယီ)ပျံကျဈေး၌ တာဝန်ရှိသူများ စစ်ဆေး
Jan 13,2021
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချဝယ်ယူမှု ရှိစေရေးအတွက် ယနေ့နံနက် ၇ နာရီတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ (ယာယီ) ပျံကျဈေး၌ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကသာမြို့နယ်၊ မံစီကျေးရွာတွင် ဝါးများကို နှီးဖြာပြီး ရောင်းချသည့်အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မံစီကျေးရွာတွင် ဆောင်းရာသီရောက်သောအခါ မိသားစုစားဝတ်နေရေးအဆင်ပြေရန်အတွက် တောအတွင်းမှ ဝါးများကို ခုတ်ပြီး နှီးဖြာကာ ရောင်းချသည့်အလုပ်ကို တစ်ရွာလုံးနီးပါး လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
Jan 13,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်တွင် ယနေ့နံနက်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။