ဟုမ္မလင်း၊ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အ-ထ-က-၁ CBFQ နေရာတွင် ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ်၂၀ အချိန်တွင် ကျန်းမာရေးဌာနမှ RDT Test Kit ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသား(၃)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်သို့ ပိုဆောင် ၍ ဆေးကုသမှုခံယူ လျက်ရှိ ကြောင်းသိရသည်။
အဆိုပါ အမျိုးသား(၃)ဦးသည် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ဖောင်းပြင်မြို့နယ်မှ ဟုမ္မလင်း မြို့သို့ ရောက်ရှိပြီး၊ ဟုမ္မလင်းမြို့နယ် စည်ပင်ရုံး၌ တင်တာလုပ်ငန်းစာချုပ် ပြုလုပ်ရန်အတွက် လာရောက် ခြင်းဖြစ်ကြောင်းသိရသည်။ အလားတူ အဆိုပါအမျိုးသား သုံးဦးတို့ နှင့်တိုက်ရိုက် ထိတွေ့ခဲ့သော ရတနာတည်းခိုခန်း၊ မြို့နယ်စည်ပင်ရုံး၊စျေးဆိုင်များ၊ အစရှိသည့်နေရာကို အသွား အလာ ကန့်သတ်ထားရှိ ကြောင်းသိရသည်။
ဟုမ္မလင်းမြို့၌ ဇန်နဝါရီလ (၁၂)နေ့တွင် ပိုးတွေ့လူနာ (၆)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး၊ ကိုဗစ်လူနာ (၆)ဦး ဆေးကုသမှုခံယူလျက် ရှိကြောင်းသိရသည်။
လင်းလင်း(ပြန်/ဆက်)