မြိုင်မြို့အမှတ်(၂)ဈေးတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်

မြိုင် ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၂)ဈေးတွင် ကုန်စိမ်းဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ကွန်က ရစ် ခင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့ က စတင်ဆောင်ရွက်လျှက်ရှိသည်။

မြိုင်မြို့ စည်ပင်သာယာဈေးတွင် ကုန်စိမ်းဈေးသီးသန့် ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် တည် ဆောက်ဆဲဖြစ်သော အမှတ်(၂) ကုန်စိမ်းဈေး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို  မကွေးတိုင်း ဒေသ ကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ (၂၁၃၈၀၀၀၀)ကျပ်ဖြင့်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးကော်မတီအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ ရန်ပုံငွေဖြင့် ဈေးဧရိယာအကျယ် ၂၀၀ ပေ X ၁၅၀ ပေ အား ကွန်ကရစ်အထူ ၄ လက်မ၊ ဈေးအဝင်လမ်း ၃၀၀ ပေ X ၁၂ ပေ အား ကွန်ကရစ်အထူ ၆ လက်မ တို့ ဖြင့် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး ဇန်နဝါရီလအတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဟန်မြင့်၏ ပြောကြား ချက်အရသိရသည်။

သူရ(ပုံတောင်)