ကြက်သွန်ဖြူပျိုးပင်များ နုံးတင်မြေနုများတွင် စတင်စိုက်ပျိုး

ကျောက်ထု  ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ဒေသ ယောချောင်းတွင် ရေနည်း ချိန်ကာလ ချောင်းဘေးမြေနုလွင်ပြင်များ၌ ဆောင်းသီးနှံအဖြစ်  ကြက်သွန်ဖြူ ကို စိုက်ပျိုး လျက်ရှိသည်။

ထိုသို့စိုက်ပျိုးကြရာတွင် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရေသွယ်စိုက်ပျိုးကြခြင်း ဖြစ်ကာ ကြက်သွန်ဖြူပျိုးပင်များကို စတင်ပျိုးထောင်စိုက်ပျိုးနေကြခြင်းဖြစ်ပြီး  ထွန်ယက်ခြင်းနှင့် မြေညှိခြင်းများအတွက် စက်ကိုငှားရမ်းကြရကြောင်း သိရသည်။ 

စက်ဌားရမ်းခအတွက် တစ်နာရီငွေကျပ် နှစ်သောင်းနှုန်းပေးရ၍ လုပ်ငန်း တွင်ကျယ် မှုလျှင်မြန်ကြောင်း၊ ထိုသို့မြေညှိပြီးသော လယ်ယာမြေများတွင် သဘာဝ မြေဆွေးနှင့် နွားချေးထည့်သွင်း၍ မြေပြင်ဆောင်ရွက်ကြရကြောင်း တောင်သူတစ်ဦး က ပြော သည်။

ကြက်သွန်ဖြူမျိုးများစိုက်ပျိုးကြရာတွင် ပျိုးပင်တစ်ပင်နှင့် တစ်ပင် တန်းကြား၊ (၆) လက်မနှင့် ပင်ကြား (၄) လက်မခြား၍ ဇန်နဝါရီလတွင် စိုက်ပျိုးကြပြီး မတ်လတွင်  နှုတ်ချွေနိုင်မည်ဟု သိရသည်။ ထွက်ရှိမည့် ကြက်သွန်ဖြူများကို ကျောက်ထုမြို့ ဈေးကွက်အပြင် ချင်းပြည်နယ်မင်းတပ်မြို့နယ်နှင့် ပခုက္ကူမြို့သို့ ကိုပါတင်ပို့ရောင်းချ မည်ဖြစ်ကြောင်း လက်ရှိတွင် ကြက်သွန်ဖြူ တပိဿာလျှင်  ကျပ် ၂၀၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။

မောဟေမာန် (ပြန်ဆက်)