မိုင်းယု ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီကျော်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိလာပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီးနှင့်အဖွဲ့သည် မိုင်းယုမြို့ မြို့မရပ်ကွက် အတွင်းရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် (ပြင်/ထိန်း)ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဦးစီးဌာနနှင့် ဟုတ်လိုက်ကုမ္မဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေသည့် မြို့တွင်းကတ္တရာ ထပ်ပိုးလွှာ ခင်းကျင်း နေမှု အခြေအနေများ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူးရေးကုသရေးဦးစီးဌာနရုံး RC နှစ်ထပ်ရုံး အဆောက် အအုံ ဆောက်လုပ်နေမှု အခြေအနေများ၊ စိုင်းရှဲန်ရွက်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်နေသည့် မြို့မအားကစားကွင်းသို့ သွားသည့်လမ်း အရှည်ပေ(၁၀၀၀) ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား ကြည့်ရှု စစ်ဆေး ခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးနှင့်အဖွဲ့သည် မြို့နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် တာချီလိတ် လုပ်သားကုမ္မဏီမှ တာဝန်ယူ ဆောင်ရွက်နေသည့် ဒွန်းနွဲ့-မိုင်းလွေ ကျောက်ချောလမ်း ခင်းကျင်းနေမှု အခြေအနေများ၊ ဒွန်းနွဲ့-တာပေါက် ကျေးရွာ(၁/၁)မိုင်အတွက် ရေပိုက် သွယ်တန်းခြင်းနှင့် ဂါလံ(၅၀၀၀)ဆံ့ ရေကန်တည်ဆောက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်နှင့် မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးတို့မှ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)