တာလေ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့ရှိ တာလေနယ်မြေမီးသတ်စခန်းအား ရှမ်းပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်သည် ယမန်နေ့ ညနေပိုင်းက ရောက်ရှိပြီး မီးသတ်စခန်းရှိ မီးသတ်ရေယာဉ်၊ မီးသတ်စက်ပစ္စည်း ကိရိယာ များနှင့် စခန်းတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် “ရှမ်းပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က တာလေနယ်မြေ မီးသတ်စခန်းကို ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန် ရောက်ရှိပြီး တပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ တပ်ဖွဲ့ဝင်များ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ လမ်းညွှန်မှာကြားခြင်း၊ မီးသတ်ရေယာဉ်၊ မီးသတ် စက်ပစ္စည်းကိရိယာများနှင့် တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေး ခဲ့ပါတယ်” ဟု နယ်မြေမီးသတ်စခန်းမှ ဦးစီးမှူး ဦးလင်းဝင်းထိုက်က ပြောသည်။
ဆက်လက်၍ ပြည်နယ်မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးအောင်ဝင်းစိန်သည် စခန်းအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်လာခြင်းများ မဖြစ်ပေါ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တပ်ဖွဲ့အတွင်း စီမံအုပ်ချုပ်ရေး လျော့နည်းသည့် ဖြစ်စဉ်များမဖြစ်ပေါ်စေရန်၊ တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆည်ရေး လေ့ကျင့်ခန်းများ အစဉ်တစိုက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ကြရန်နှင့် စခန်းတွင်းလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)