မကွေး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၃ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၆၀)ဦး စံချိန်တင် ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်း(၂၉၀၄)ဦးထိ ရှိလာ ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း ဒီနေ့မှာတော့ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံက ဆင်းခွင့်ရသူတွေ ရှိသလို ကိုဗစ် -၁၉ ရောဂါ ကူးစက်မှုတွေက ဆက်လက်ရှိနေပြီး ပိုးတွေ့ရှိမှုက စံချိန်တင် ခဲ့ပြန်ပါပြီ၊ ဒီကနေ့မှာ တွေရှိခဲ့တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုများအရ စုစုပေါင်း ပိုးတွေ့ အတည်ပြု လူနာသစ်(၆၀)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်၊ ဒီနေ့ တွေ့ရှိတဲ့ ပိုးတွေ့ အတည်ပြု လူနာတွေက မင်းဘူးက(၁၄)ဦး၊ အောင်လံက (၁၃)ဦး၊ စလင်း(၁၂)ဦး၊ ပွင့်ဖြူနဲ့ တောင်တွင်းကြီးက(၄) ဦးစီ၊ ပခုက္ကူနဲ့ ချောက်က(၃)ဦးစီ၊ ရေနံချောင်း၊မကွေးနဲ့ မြို့သစ်က(၂)ဦးစီနဲ့ နတ်မောက်က(၁)ဦးတို့ ဖြစ်ပါတယ်၊ ပိုးတွေ့ လူနာတွေထဲက မင်းဘူးက(၁၄)ဦး၊ အောင်လံက(၁၀)ဦး၊ စလင်း(၁၁)ဦးနဲ့ ချောက် (၂)ဦးတို့က ပိုးတွေ့အတည်ပြုလူနာနဲ့ ထိတွေ့မှုရှိတာကြောင့် အသွားအလာကန့်သတ်ထား သူတွေပါ၊ မြို့သစ်က(၁)ဦး၊ချောက်(၁)ဦးနဲ့ အောင်လံ(၂)ဦးက အနံံ့ပျောက်လက္ခဏာပြလူနာတွေ ဖြစ်ပါတယ်၊ မကွေး(၁)ဦးက စောင့်ကြည့်လူနာနဲ့ စလင်း(၁)ဦးက ယာဉ်မောင်းဖြစ်ပြီး ကျန်သူတွေ ကတော့ ရန်ကုန်ပြန်၊ မန္တလေးပြန်၊ရခိုင်ပြန်၊ရှမ်းပြန်(Quarantine Centre)တွေက ဖြစ်ပါတယ်၊ တိုင်းဒေသကြီး အတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြု လူနာပေါင်းက(၂၉၀၄)ဦး ရှိလာပြီး ကျန်းမာ ရေးကောင်းမွန် ကာ ဆေးရုံဆင်းခွင့်ရရှိသူက(၂၆၀၇)ဦးနဲ့ သေဆုံးသူက(၉)ဦး ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန လက် ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact) များမှ ပိုးတွေ့လူနာများ ထပ်တိုး၍ တွေ့ရှိလာရသဖြင့် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှု နေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ကြဖို့ တိုက်တွန်းမှု များလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)