သံဖြူဇရပ် ဇန်နဝါရီ ၁၄
အိမ်မွေးတိရစ္ဆာန်များ၌ရောဂါကျရောက်မှုများ လျော့နည်းကျဆင်းရန်အတွက် လည်းကောင်း၊ တိရစ္ဆာန်များမှ တဆင့်လူသို့ ကူးစက်တတ်သောရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ရည်ရွယ် ၍၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန ်များ၌ဖြစ်ပွားတတ်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို၊ သံဖြူဇရပ်မြို့နယ်၊ ကရင် သောင်ကျေးရွာ၌ ဇန်နဝါရီ ၁၂ရက်နှင့် ၁၃ရက်တွင်(၂)ရက်တာ သင်တန်းပို့ချကြောင်း သိရသည်။
ထို့အတူ အိမ်မွေးတိုင်းရင်းကြက်များမွေးမြူမှုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ပြည်သူများမှ တိုင်း ရင်းကြက်မျိုးများမွေးမြူမှုကိုပိုမိုစိတ်ဝင်စားလာစေရေးအတွက်သံဖြူဇရပ်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါက်တာမင်းငွေထွန်းနှင့်ဝန်ထမ်းများသည်၊ ကြက်လည် လိမ်ရော ဂါကာကွယ်မျက်စဉ်း ဆေးခတ်ခြင်းကို (၄)လတစ်ကြိမ်အခမဲ့ ဆောင်ရွက်ပေး
လျက်ရှိရာ ဇန်နဝါရီ၁၃ရက်က ကရင်သောင်ကျေးရွာ၌တိုင်းရင်း ကြက်ကောင်ရေ(၂၄၀၀) အား မျက်စဉ်းခတ်ခြင်းကို တစ်အိမ်တက်ဆင်းဆောင်ရွက်ပေးကြောင်း ဦးစီးမှူးဒေါက်တာ မင်းငွေထွန်း ထံမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)