သတင်းများ

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများရှင်းလင်း
Jan 13,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသစ်များ ပြန်လည်ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးသစ်များကို ဧပြီ၁ရက်နေ့မှစတင်၍ တာဝန် ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းနှင့်ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးရေးပညာရှင်အဖွဲ့က တောင်သူများကို အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jan 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ စိုက်ပျိုးမြေဧကပေါင်း(၄)ထောင် ကျော်တွင် စိုက်ပျိုးထားသည့် ဆောင်းသီးနှံစိုက်ခင်းများသို့ မူဆယ်ခရိုင်မှ စိုက်ပျိုးရေးပညာရှင် အဖွဲ့က ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ဝင်ရောက်လေ့လာကြည့်ရှုပြီး တောင်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်ပေးသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီဖွင့်လှစ်ပြီးနောက် ကုန်တင်ယာဉ်ငှားရမ်းခ ဈေးနှုန်းကျဆင်း
Jan 13,2021
မြန်မာ-တရုတ်နှစ်ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရေးအတွက် မူဆယ်မြို့၊ နယ်စပ်ဒေသ နှစ်နိုင်ငံအဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို ဇန်နဝါရီလ(၅)ရက်နေ့မှ စတင်၍ (၂၄)နာရီ ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံ၊ ပြည်တွင်းဘက်တွင် ကုန်တင်ယာဉ်ဌားရမ်းခဈေးနှုန်းသည် ယခင်ထက် ထက်ဝက်နီးပါးခန့် ဈေးကျသွားကြောင်း ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။
မူဆယ်မြို့၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် ခါလီယာဉ်များထက် ကုန်တင်ပို့ကုန်ယာဉ်များကို ဦးစားပေး ဝင်ရောက်ခွင့်ပြု
Jan 13,2021
တရုတ်နိုင်ငံဘက်မှ တောင်းဆိုလာချက်အရ မူဆယ်မြို့၊ မန့်ဝိန်းဂိတ်မှတစ်ဆင့် ကုန်တင်ပို့ ကုန်ယာဉ်များကို ဇန်နဝါရီလ(၁၂)ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံဘက်ကို ဦးစားပေးအဆင့်ဖြင့် ဇန်နဝါရီလ(၁၄) ရက်နေ့အထိ ဝင်ရောက်ခွင့်ပြုထားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီဖွင့်လှစ်သည့် ကာလ၌ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု သိသိသာသာ မြန်ဆန်လာ
Jan 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံအဝင်/အထွက်ဂိတ်(မန့်ဝိန်းဂိတ်)ကို (၂၄)နာရီအချိန်တိုးမြှင့်ဖွင့်လှစ်သည့် အချိန်ကာလအတွင်း၌ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုသည် ယခင်ထက် သိသာစွာ ပိုမိုမြန်ဆန်လာကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများ အသင်းမှ သိရသည်။
၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် One State One Township Project အရ ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်း စည်းဝေး
Jan 13,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် One State One Township Project အရတိုင်းဒေသကြီးအစိုးရရန်ပုံငွေနှင့် အလှူရှင်များ၏လှူဒါန်းငွေဖြင့် မီးသင်္ဂြိုလ်စက်အားစတင်အသုံးပြုရန်နှင့် One State One Township Project အရရန်ပုံငွေ(၁)ဘီလီယံဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သုံးခွမြို့နယ်တွင် စာကြည့်တိုက်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 13,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။