သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ မိုင်းယုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 14,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုစွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီကျော်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ရောက်ရှိလာပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဟုမ္မလင်းမြို့တွင် အမျိုးသား (၃)ဦး ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ
Jan 14,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အ-ထ-က-၁ CBFQ နေရာတွင် ဇန်နဝါရီ (၁၂)ရက်နေ့ မွန်းလွဲ ၁၂ နာရီမိနစ်၂၀ အချိန်တွင် ကျန်းမာရေးဌာနမှ RDT Test Kit ဖြင့် သွားရောက် စစ်ဆေးခဲ့ရာ အမျိုးသား(၃)ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံရှိ သံဃာဆောင်သို့ ပိုဆောင် ၍ ဆေးကုသမှုခံယူ လျက်ရှိ ကြောင်းသိရသည်။
မြိုင်မြို့အမှတ်(၂)ဈေးတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jan 14,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်သော အမှတ်(၂)ဈေးတွင် ကုန်စိမ်းဈေးဖွင့်လှစ်ရောင်းချနိုင်ရန် ကွန်က ရစ် ခင်းခြင်းလုပ်ငန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့ က စတင်ဆောင်ရွက်လျှက်ရှိသည်။
မြို့လှတွင် သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝ ပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြဆောင်ရွက်
Jan 13,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့ရှိ တောင်သူများအနေဖြင့် သွင်းအားစုများ လျှော့ချပြီး ကုန်ကျစရိတ် သက်သာသည့် သဘာဝမြေဆွေးပြုလုပ်နည်းများအသုံးပြုခြင်းဖြင့် မြေဆီလွှာ များကောင်းမွန်လာစေပြီး သီးနှံများသဘာဝအလျောက် ကြီးထွားနှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ မြို့လှမြို့၊စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်းနှင့် သဘာဝပိုးပြေးဆေး၊ ပိုးသတ်ဆေး ပြုလုပ်နည်းများ လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဦးခင်မောင်သန်း၏ စိုက်ပျိုးရေးခြံအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မံစီမြို့ အဝင်အထွက်ကျန်းမာရေး စစ်ဆေးဆောင်ရွက်သည့်နေရာအတွင်း အလိုအလျောက် အပူချိန်တိုင်းစက် တပ်ဆင်သွားမည်
Jan 13,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မြို့အဝင်အထွက်ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သည့် နေရာအတွင်း အလိုအလျောက်အပူချိန်တိုင်းစက် (၃) လုံး တပ်ဆင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ပြည်နယ်ဝန်ကြီး ကွင်းဆင်းကြည့်ရှု စစ်ဆေး
Jan 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ယနေ့နံနက်(၈) နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ်သင်တန်း ဖွင့်လှစ်
Jan 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကောင်းဘို့ ကျေးရွာ ကိုးဆူဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ အညီရွေးချယ်နိုင်ရေးကြီးကြပ်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်
Jan 13,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန်အတွက် တတိယအကြိမ် ပြင်ဆင် ထားသည့်ဥပဒေ၊ နည်းဥပဒေများ အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက်၉နာရီကစတင်၍ ရွှေတောင်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်တို့၌ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲမှူးဦးသိန်းတိုး၊ မြို့နယ်မီးသတ်ဦးစီး မှူး ဦးစိုးကျော်သူ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်စိုး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးမှူး ဒေါ်ဇာဖြူဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ဝါဝါရီတို့က ကွင်းဆင်း ဆောင်ရွက်ကြောင်း သိရသည်။